မြန်မာစာ Font မမှန်လို့ ဖတ်မရရင် အောက်က စာကိုနှိပ်ပါ
Thursday, February 11, 2016
မွေးရပ်မြေ (သို့) ကြံခင်းမြေ (ကဗျာ)
မွေးရပ်မြေ (သို့) ကြံခင်းမြေ (ကဗျာ)
မြစ်ဧရာ ဝတီဘေးမှာ
ချောင်းခွဲငယ် အသွယ်သွယ်နဲ့
တိုင်းဝတီ ဘုံထိပ်ဖျား
သာယာလှပေ ကြံခင်းမြေ။
ကမ်းနံဖူး စမ်းချောင်းရေလူးလို့
ပန်းပေါင်းစုံသင်းပျံ့ကြိုင်ထူး
ရွှေဝတ်မှုံ ဟိုဒီကူးကာဖြင့်
ဝေဖြာလှနေ လှိုင်ဖူးဝေ။
မြို့အနောက် မြင်ကွင်းမှောက်လို့
တောင်တန်းတွေ ကာရံထားကာဖြင့်
မြူခိုးဝေရစ်ကာဆိုင်း
တောင်ခြေပျောက်ပေ သွယ်တန်းနေ။
သည်တောတော ရေမြေသဘာဝနဲ့
ရွယ်ရောက်လာ ပျော်ရွှင်မြူးခဲ့ရ
ကြည်နူးဝေ စိတ်ရည်စူးကာဖြင့်
တမ်းတမိပေ
သြော်.....ငါ၏မွေးရပ်မြေ။
ပြည့်စုံအောင်(ခ)လှမျိုးထက်
(ကြံခင်းသားလေး)
0 comments:
Post a Comment